Provide Auctions (တပတ်ရစ် ဂျပန်ကား လေလံပွဲများ) မှ ဝယ်ယူခြင်းဟာ ပြည်ပပို့ကြသူတို့၏ ကားဒိုင်ကြီးမှ ဝယ်ယူခြင်းနဲ့စာလျှင် ပိုကောင်းသည့် အကြောင်းရင်းများ။

 

  1. သီးခြား စုံစမ်းစစ်ဆေးမှု

သင်သည် Provide Auctions မှတစ်ဆင့် တိုက်ရိုက် ဝယ်ယူလျှင် သင်က ဝယ်လိုသည့် ကားကို သီးခြား စုံစမ်းစစ်ဆေးပေးပါသည်။ လေလံပွဲများသည် ယေဘူယျအားဖြင့် ၎င်းတို့ ရောင်းကြသည့် ကားများကို ပိုင်ဆိုင်ကြသည် မဟုတ်ပါ။ ၎င်းတို့သည် ရောင်းသူ နဲ့ ဝယ်သူတို့ ကြားထဲမှာ လွတ်လပ်သည့် အဖွဲ့အစည်း အဖြစ် ရပ်တည်နေကြကာ၊ သင်က ဝယ်လိုသည့် ယာဉ်ဆိုင်ရာ ဘက်လိုက်ခြင်း မရှိတဲ့ အစီရင်ခံစာကို ထုတ်ပေးနိုင်ကြသည်။ Provide Cars သည် အဲဒီလို ဘက်လိုက်ခြင်း မရှိတဲ့ လေလံပွဲ စာတမ်းများကို ဘာသာပြန်ပေးပါသည်။

သင်သည် ပြည်ပကိုပို့သူ တဦးအား ၎င်း၏ကားရုံထဲက ရောင်းလိုသည့်ကား ကောင်းရဲ့လား မေးမယ်ဆိုရင်၊ ကောင်းပါတယ်လို့ အဖြေကို ရမှာ ရှင်းနေပါတယ်။ သူဟာ အဲဒီကားကို သင့်ကို ဝယ်စေလိုပါတယ်။ သူဟာ သူ့အလိုကျ အဖြေကိုသာ ပေးမှာ ရှင်းနေပါတယ်။

  1. ရောင်းဈေး | လက်ကားဈေးနဲ့ ဝယ်နိုင်ခြင်း။

သင်သည် Provide Auctions ရဲ့ ကားကို ဝယ်မယ်ဆိုရင်၊ ဂျပန်နိုင်ငံထဲက ကားကိုတစ်ဆင့်ရောင်းသူ တဦး ပေးရတဲ့ ဈေးကိုပဲ သင်ပေးရပါမယ်။ အဲဒါကြောင့်မို့လို့ အဲဒါကို လက်ကားဈေးလို့ ကျွန်တော်တို့ ခေါ်ပါတယ်။ တစ်ဆင့်ရောင်းသူဟာ ယာဉ်ကို လေလံပွဲမှာ ဝယ်ယူပြီးရင်၊ ရောင်းဈေးကို ထပ်တင်ပြီး ၎င်းရဲ့ ကားရုံ ဝက်ဆိုက်မှာ ပြန်ရောင်းဖို့ ကြိုးစားပါတယ်။ တစ်စီးစီးကို လျင်မြန်စွာ ရောင်းမရဘူးဆိုရင် သူဟာ ဝယ်ဈေး အတိုင်းပဲ ရောင်းနိုင်ပါတယ်။

သူရောင်းတဲ့ ကားတွေ ပိုစွဲဆောင်မှု ရှိလာစေဖို့၊ ပြည်ပကိုပို့သူဟာ ကားထဲက ခရီးတိုင်းကိရိယာကို နောက်ကြောင်း ပြန်လှည့်လျက် ကီလိုမီတာနည်းနည်းရှိတဲ့ ကားကို ဈေးချိုချိုဖြင့် ရောင်းလိုကြပါတယ်။ အဲဒီလိုနည်းဖြင့် ယာဉ်ကို ဝယ်မှုဟာ အန္တရာယ်များပါတယ်။

  1. အမျိုးအမည် ပိုများခြင်း

တစ်ဆင့်ရောင်းသူတို့ရဲ့ ဘယ်ကားဒိုင် ဝက်ဆိုက်မှာမှ Provide Auctions မှာလို ကားအမျိုးအမည် မစုံနိုင်ပါ။ ဥပမာ၊ အပတ်စဉ်တိုင်း Toyota Corolla 3000၊ Hilux Surf 1000 တို့ထဲက စိတ်ကြိုက်ကို ရွေးလို့ ရနိင်ပါတယ်။ တစ်ဆင့်ရောင်းတဲ့ ကုမ္ပဏီဟာ ဘယ်လောက်ပဲကြီးကြီး လေလံပွဲများမှ ကားတွေကို ယှဉ်ပြိုင်လို့ မရနိုင်ပါဘူး။

  1. စာရွက်စာတမ်းများကို အာမခံစီစဉ်ပေးပါသည်။

လေလံပွဲမှာ ရောင်းပေးလိုက်သည့် ယာဉ်အားလုံးဆီမှာ ပြည်ပပို့ဖို့ လိုအပ်သည့် စာရွက်စာတမ်းများ ပါပါသည်။ တရားဝင် စာရွက်စာတမ်း မပြည့်စုံသော ယာဉ်ကို ပြည်ပတင်ပို့ရန် ခဲယဉ်းပါမည်။ ခိုးထားသည့် ကားများကို လုံးဝ တင်ပို့မရနိုင်သော်လည်း၊ အချို့သော ပြည်ပပို့ကြသူတို့က ဂျပန် အကောက်ဌာနက ယင်းကားမျိုးကို ပြည်ပပို့ခွင့်ပြုမယ့် မျှော်လင့်ချက်ဖြင့် စာရွက်စာတမ်းများကို မိတ္တူကူးပေးကြပါသည်။ မရိုးသားတဲ့ ပြည်ပတင်ပို့သူဟာ ခိုးထားတဲ့ ကားဖြစ်တာကို ဘယ်တော့မှ ပြောမှာ မဟုတ်တဲ့အပြင်၊ လှည့်ဖြားမှုမရှိ ပုံမှန် ဝယ်ယူထားတဲ့ ကားဆိုပြီး သင့်ကို ရောင်းပါလိမ့်မယ်။ လေလံပွဲမှာ ကားကို ဝယ်ခြင်းဖြင့် ခေါင်းခဲရခြင်းမရှိဘဲ ပြည်ပကို ပြဿနာမရှိ ချောမောစွာ တင်ပို့နိုင်ပါတယ်။